ရန်ကုန် ဇူလိုင် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ် အ.ထ.က(၁)ကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာဟောပြောပွဲကို ယနေ့နံနက်(၀၉:၃၀)က မိုးဦးပန်းခန်းမ၌ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန လက်ထောကညွှန်ကြားရေးမှူးဒေါ်စန္ဒာမိုးက လူငယ်ရေးရာဟောပြောပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဗဟန်းမြို့နယ်၊ ပညာရေးမှူးဦးဌေးဝင်းက လူငယ်နှင့်ပညာရေးအကြောင်းကိုလည်းကောင်း၊ ဗဟန်းမြို့နယ်၊ Book Club အသင်းအဖွဲ့ဝင် စာရေးဆရာအောင်သင်း(မြတ်ဟိန်းခ)က လူငယ်နှင့်မူးယစ်ဆေးဝါး အကြောင်းကိုလည်းကောင်း အသီးသီးဟောပြောဆွေးနွေးကြသည်။ အဆိုပါအခမ်းအနားသို့ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၂၀၀) ကျော်တက်ရောက်ကြကြောင်း သိရသည်။
စန္ဒာမိုး