မဟာအောင်မြေမြို့နယ်၌ သက်ကြီးဘိုး၊ဘွားများအား လစဉ် အခြေခံစားသောက် ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းပွဲ ကျင်းပ

မဟာအောင်မြေ ဇူလိုင် ၂၁

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁)ရပ်ကွက်အတွင်းရှိ သက်ကြီးဘိုး၊ဘွားများအား အိမ်ထောင်စုစာရင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၁၇၀)စုအနက် (၃၆)စုအား (၁၁)ကြိမ်မြောက်အဖြစ် ဆန်၊ဆီ၊ကြက်ဥ၊ဆပ်ပြာအ‌မွှေးခဲနှင့် ငွေသားများကို ဇွန်လ(၂၁)ရက်နေ့ နံနက်ပိုင်းက အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ ပေးအပ်လှူဒါန်းပွဲအား မဟာမြိုင် ( ၁ )ရပ်ကွက်အတွင်းရှိ သက်ကြီးဘိုး၊ဘွားများနှင့် အိမ်ထောင်စုဇယားပေါက်ပြီး ဆင်းရဲချို့တဲ့သည့် မိဘပြည်သူ (၁၇၆)အိမ်ထောင် စုများအား တစ်လလျှင် (၃၆) အိမ်ထောင်စု နှုန်းစီ အလှည့်ကျ ထောက်ပံ့ပေးခဲ့ပြီး အဘိုး-အဘွား (၉)ဦးအား လစဥ် ငွေ ၁၀၀၀၀ိ/ကျပ်၊ဆန် ၂ ပြည်၊ဆီ ၅၀ သား၊ကြက်ဥ ၁၀ လုံး၊အမွှေးဆပ်ပြာခဲ၊ ကျန်အိမ်ထောင်စု ( ၂၇ )စုအား ဆန် ၂ ပြည်၊ဆီ ၅၀ သား၊ ကြက်ဥ ၁၀ လုံး၊အမွှေးဆပ်ပြာခဲ၊များကို လစဥ် ၂၁ ရက်နေ့တိုင်း မြို့နယ်အုပ်ချုပ်ရေးမှုးမှ ပေးအပ်လှူဒါန်းရာ သက်ကြီးဘိုး၊ဘွားများနှင့် ရပ်ကွက်နေမိဘပြည်သူများမှ လက်ခံရယူခဲ့ပြီး‌နောက် အဖိုးဦးသိန်းမောင်မှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး လစဉ် အလှည့်ကျပေးအပ် ထောက်ပံ့လှူဒါန်းမှုအား မဟာမြိုင်(၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနေမင်းဦးနှင့် ဒေါ်ယုယုဇော်တို့မှ ထောက်ပံ့ပေးအပ်လှူဒါန်းပြီး အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက်နိုင်သော အဘိုး၊အဘွားများအား အိမ်အရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ၊ မြို့မိမြို့ဖများ၊ အဘိုး၊အဘွားများ တက်ရောက်ကြောင်း သိရသည်။

အောင်ဇော်မင်း