ပုသိမ်ကြီးမြို့နယ်တွင် နွေစပါးစံကွက်ရိပ်သိမ်းရာ တစ်ဧက (၁၂၆.၂၉)တင်း ထွက်ရှိ

ပုသိမ်ကြီး ဇူလိုင် ၂၁

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ နေရဥ္ဇယျကျေးရွာအုပ်စု၊ နတ်စိမ်းကျေးရွာရှိ၊ ကွင်းအမှတ် ၄၅၃၊ တောင်သူ ဦးညီညီဝင်း၏ နွေစပါးစိုက်ခင်းအား ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက စံကွက်ရိတ်သိမ်းခဲ့ကြသည်။

အဆိုပါ တောင်သူ၏ နွေစပါးစိုက်ခင်း တစ်ဧက အား စံကွက်ရိတ်သိမ်းရာ အခြောက်တင်း တစ်ဧကတင်း (၁၂၆.၂၉)တင်း ထွက်ရှိခဲ့သည်။ စံကွက်ရိတ်သိမ်းရာသို့ အောင်မြေသာစံခရိုင် စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲ ရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ တောင်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ပုသိမ်ကြီးမြို့နယ်တွင် နွေစပါး စိုက်ပျိုးဧကပေါင်း နွေစပါးစိုက်ဧက တစ်မြို့နယ်လုံး ၁၈၅၉၁ ဧကစိုက်ပျိုးခဲ့ပြီး၊ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ဧက ၃၅၂၂ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်