မောင်တော ဇူလိုင် ၂၁
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် တာဝန်ရှိသူများသည် အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းရှိ အသက်(၅)နှစ်ပြည့်ပြီး KG တက်ရောက်နေသည့် ကျောင်းသား/သူများအား ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက ဒုတိယအကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ကုသရေးဦးစီးဌာနမှူးဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ စာရင်းများ မှတ်ယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများက လာရောက်ထိုးနှံသည့် အသက်(၅) နှစ်ပြည့်ပြီး KG တက်ရောက်နေသည့် ကျောင်းသား/သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျကာကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသည့် ကျောင်းသား/သူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကာကွယ်ဆေးထိုးနှံနေမှုများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး ၊အောင်ကျော်စိန်ခရိုင်(ပြန်/ဆက်)