တိုင်းဒေသကြီးစီမံကိန်းဦးစီးဌာနမှူးရုံးသို့ ရွေ့လျားမော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

ပြည်ကြီးတံခွန် ဇူလိုင် ၂၁

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတစ်ရပ်အဖြစ် စာငှားဝန်ဆောင်မှုများကို စာကြည့်တိုက်တွင် ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး စီမံကိန်းဦးစီးဌာနမှူးရုံးသို့ ရွေ့လျား မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ရွေ့လျားမော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များငှားရမ်းရာတွင် ဝန်ထမ်းများအနေဖြင့်ရုံးပိတ်ရက်များတွင် စာပေဖတ်ရှုခြင်းဖြင့် စိတ်အပန်းဖြေနိုင်စေရန်၊ အားလပ်ချိန်တွင်အချိန်ကို တန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ စာဖတ်ခြင်းအကျိုးကျေးဇူးများ သိရှိစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ရွေ့လျားမော်တော်ယာဉ်ကိုအသုံးပြု၍ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းဖြစ်ကြောင်း မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူးဦးဝင်းမြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် ဝန်ထမ်းများအား သုတ/ရသစာအုပ်(၃၈၇)အုပ်   ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)