ကျိုင်းတောင်း ဇူလိုင် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၌ အခြေခံပညာမူလတန်း (တာကွန်) ကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာများအပြင် ပြင်ပဗဟုသုတ အသိပညာများရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်း (၁၀)နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နယ်လှည့်ကွင်းဆင်းဟောပြောပွဲတွင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းသီဟထွန်းက ကျောင်းသား၊ ကျောင်းသူများကို စာဖတ်ရခြင်း၏ အကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါးအန္တရာယ် သိကောင်းစရာများ၊ လူကုန်ကူးမှုအန္တရာယ် သိကောင်းစရာများနှင့် ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများကို ဗဟုသုအဖြစ် ဟောပြောဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် အခြေခံပညာမူလတန်း(တာကွန်)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ/ဆရာမများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များ၊ နံရံကပ်ဓာတ်ပုံများကို စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
သီဟ(ပြန်/ဆက်)