မိုင်းဆတ်ခရိုင်တွင် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မိုင်းဆတ် ဇူလိုင် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း ဆန်စပါးနှင့်အခြားသီးနှံများ (၁)ဧကထက် ပိုမိုဖြစ်ထွန်းအောင်မြင် စိုက်ပျိုးနိုင်ရန်ရည်ရွယ်၍ ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းကို ယနေ့နံနက်(၈)နာရီခွဲအချိန်တွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုင်းဆတ်မြို့၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးထွန်းလွင်က အဖွင့်အမှာစကားပြောကြားပြီး  ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးစိုင်းခင်ဇော်လတ်က အရည်အသွေးမြှင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်ရခြင်း၏ ရည်ရွယ်ချက် များကို ဆက်လက်ပြောကြားကာ  သင်တန်းဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင်  မိုင်းဆတ်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း(၂၈)ဦး တက်ရောက်ခဲ့ပြီး ၎င်းသင်တန်းအား သင်တန်းဆရာ/ဆရာမ (၅)ဦးက (၂၁-၇-၂၀၂၃)ရက်နေ့ နံနက် (၈)နာရီခွဲမှ ညနေ (၄)နာရီခွဲအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စန်းစန်းမြင့်(မိုင်းဆတ်)