မိုင်းယု ဇူလိုင် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ရှိ ဒေသခံတောင်သူများသည် မိုးစပါးစိုက်ပျိုးပြီးစီးချိန်တွင် ရာသီပေါ်သခွားမွှေးများ ဝင်းမှည့်လာပြီဖြစ်သဖြင့် မိမိတို့၏ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးခြံများမှ သခွားမွှေးများ ခူးဆွတ်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ အဆင်ပြေကြကြောင်း သိရသည်။
“သခွားမွှေး အလုံးအကြီးအသေးအလိုက် သုံးလုံးနှင့် လေးလုံးခန့်ထည့်ပြီး တစ်ထုတ်လျှင် ကျပ် ၂၅၀၀ မှ ကျပ် ၃၅၀၀ ခန့်အထိ ရောင်းရကြောင်း၊ ဒေသခြံထွက် သခွားမွှေးများသည် ချိုမွှေးသည့် အရသာရှိကြောင်း၊ မိုင်းယုမြို့၌ စည်ပင်သာယာဈေးမရှိသေး သော်လည်း လူစည်ကားသည့် လမ်းဘေးဈေးဆိုင်ခြင်း ရောင်းချကြကြောင်း၊ တစ်ချို့ကတော့ခြင်းထဲထည့်ပြီး ဆိုင်ကယ်ဖြင့် လှည့်လည်ရောင်းချကြကြောင်း” သခွားမွှေး ရောင်းချသူတစ်ဦးက ပြောသည်။
မိုင်းယုမြို့ရှိ ဒေသခံတောင်သူများသည် လယ်လုပ်ငန်းအပြင် ယာခင်းများ၌ သခွားမွှေး၊ နာနတ်၊ သခွား၊ ပြောင်းနှင့် အခြားဟင်းသီးဟင်းရွက်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး ရာသီအလိုက် ခြံထွက်သီးနှံများ ခူးဆွတ်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိနေကြကြောင်း သိရသည်။
အားချာ