ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူ စိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်း လုပ်ငန်းဆောင်ရွက်

ဒဂုံဆိပ်ကမ်း ဇူလိုင် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ၊ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)၌ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူ စိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် (၁၀)နာရီက   ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအေးကျော်နှင့် ဝန်ထမ်းများက အဆိုပါကျောင်းရှိ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများယူဆောင် လာစေပြီး ဇီဝဆိုင်ရာအချက်အလက် စိစစ်ကောက်ယူ၍ Database တွင်သိမ်းဆည်းကာ မတူညီဂဏန်း (၁၀) လုံးပါဝင်သည့် Unique ID နံပါတ်ပါကတ်ပြားများကို နေ့ချင်းပြီး ထုတ်ပေးခဲ့ကြောင်း သိရသည်။

ပြည်သူများ၏ လူမူစီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်လာစေရန်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသော နံပါတ် Unique ID ထုတ်ပေးရန် Online စနစ်ဖြင့် ဝန်ဆောင်မူလုပ် ငန်းများဆောင်ရွက်နေသည့်အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့ အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ် တည်ဆောက်ရန်အတွက် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

အေးမဉ္ဇူ (ပြန်/ ဆက်)