တာချီလိတ် ဇူလိုင် ၂၁
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(မိုင်းကိုး)တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အနေဖြင့် အချိန်ကိုစနစ်တကျ စီမံခန့်ခွဲ၍ အကျိုးရှိစွာအသုံးချတတ်စေရန်၊ ပြင်ပဗဟုသုများရရှိစေရန် စာပေများဖတ်ရှု့ လေ့လာခြင်းဖြင့် စာဖတ်ခြင်းမှ ရရှိလာမည့် အကျိုးကျေးဇူးများ၊ လူငယ်လူရွယ်များအနေဖြင့် အကျင့်စာရိတ္တကောင်းမွန်၍ လူ့ပတ်ဝန်းကျင်တွင် လိုက်လျောညီထွေနေတတ်စေရန်နှင့် လူငယ် ရေးရာ သိသင့်သိထိုက်သည့် ဗဟုသုတအကြောင်းအရာများကို အကျယ်တဝံ့ ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ယွန်းသီရိဇော်က ပလတ်စတစ်ကို ကမ္ဘာတစ်ဝှမ်း အလွယ်တကူ အများအပြား ထုတ်လုပ်သုံးစွဲနေကြပြီး စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စီမံခန့်ခွဲနိုင်မှု မရှိခြင်းတို့ကြောင့် ပလတ်စတစ်များ မြစ်၊ ချောင်း၊ အင်း၊ အိုင် များသို့ ရောက်ရှိကာ ရေထုညစ်ညမ်းခြင်း၊ မီးရှို့ဖျက်စီးမှုကြောင့် လေထုညစ်ညမ်းခြင်းနှင့် အသက်ရူလမ်းဆိုင်ရာရောဂါများ ဖြစ်ပွားနိုင်ကြောင်း၊ ပလတ်စတစ်ညစ်ညမ်းမှု လျှော့ချနိုင်မည့်နည်းလမ်းများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်စာစောင် များအား ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)