သံဖြူဇရပ်မြို့၌   အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ စတင်ထုတ်ပေး

သံဖြူဇရပ် ဇူလိုင် ၂၁

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေကို ဇူလိုင်၂၁ ရက် နေ့မှ စတင်ထုတ်ပေးလျက်ရှိ ပြီး နေ့စဥ် နံနက်၉ နာရီမှ မွန်းလွဲ၂ နာရီထိကိုဗစ် -၁၉ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆက်လက်ထုတ်ပေးလျက်ရှိသည်။

အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများထုတ်ပေးရာတွင် အငြိမ်းစားဝန်ထမ်းများအနေဖြင့် မိမိတို့အဆင်ပြေသည့်နေ့တွင် လာရောက်ထုတ်ယူနိုင်ကြောင်း၊ ကိုယ်စားလှယ်ဖြင့်ထုတ်ယူလိုပါက လိုအပ်သည့်အထောက်အထားများဖြင့် လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် ပင်စင်လစာထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ  တာဝန်ခံများက စာရင်းဖြည့်သွင်းခြင်းများဆောင်ရွက်ပေးပြီး ပင်စင်လစာငွေများအားအလှည့်ကျစနစ်ဖြင့် အသက်အရွယ်ကြီးရင့်သူများ အခက်အခဲမရှိစေရေးနှင့် လူစု၊ လူဝေး မဖြစ်ပေါ်စေရန် စနစ်တကျဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ကာလဖြစ်သည့်အတွက် စည်းကမ်းချက်နှင့်အညီ ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်ထားခြင်း၊တစ်ဦးနှင့်တစ်ဦး (၃)ပေအကွာနေရာများ ချထားပေးခြင်း၊ လက်ဆေးဘေစင်များဆောင်ရွက်ပေးထားပြီး သံဖြူဇရပ်မြို့နယ်တွင်အ ငြိမ်းစား ဦး ရေ၁၆၀၀ ခန့်ရှိပြီးတစ်နေ့လျင် ၂၅၀ ဦးခန့်ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူထံမှ သိရသည်။

မြို့နယ်(ပြန်/ ဆက်)