ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် စောင့်ကြည့်ရေးစင်တာမှ ထွက်ရှိသော အမှိုက်များကို စနစ်တကျ သိမ်းဆည်းမီးရှို့ဖျက်ဆီး

တံတား အောက်တိုဘာ ၁

ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာ တံတားမြို့ အ.ထ.က ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေး စင်တာမှ နေ့စဉ်ထွက်ရှိသော စွန့်ပစ်အမှိုက်များကို ပတ်ဝန်းကျင် အနီးအနားရှိ ပြည်သူများ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် စနစ်တကျ ထုပ်ပိုး၍ သိမ်းဆည်းမီးရှို့ဖျက်ဆီးပေးလျက်ရှိကြောင်း သိရ သည်။

တံတားမြို့ မေတ္တာသင်္ဂဟလူငယ်ပရဟိတ သွေးလှူရှင်များအဖွဲ့မှ ဥက္ကဋ္ဌ ဦးဝင်းမြင့်ဦးက  “ကျွန်တော်တို့ အ.ထ.က တံတား စောင့်ကြည့်ရေး စင်တာက ထွက်ရှိတဲ့ အမှိုက်တွေကို နေ့စဉ်စနစ်တကျ သိမ်းဆည်း ပြီးတော့  မီးရှို့ဖျက်စီးပစ်ဖို့ စီစဉ်ပေးပါတယ်၊ မီးရှို့ဖျက်ဆီးတဲ့ ကလေးတွေကိုလည်း အန္တရာယ်ကင်း အောင် PPE ဝတ်စုံ အပြည့် ဝတ်ဆင်ပြီးတော့ စွန့်ပစ်အမှိုက်တွေကို  ကိုင်တွယ်ဆောင်ရွက်ပေးတာဖြစ် ပါတယ် ” လို့ ပြောကြားခဲ့ကြောင်း သိရှိရသည်။

တင်နိုင်ဝင်း (ပြန်/ဆက်)