ကျောက်ဆည်ခရိုင် မြန့်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးရေးစရိတ်အဖြစ် တောင်သူများအားထုတ်ချေးပေး

ကျောက်ဆည် ဇူလှိုင်-၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုးရာသီ စိုက်ပျိုးစရိတ်များကို ၂၀၂၃ ခုနှစ် မေ(၂၃)ရက်နေ့မှ စတင်ထုတ်ချေးပေးလျက်ရှိရာ ဇူလှိုင်(၂၁)ရက်နေ့ နံနက်(၁၁)နာရီအချိန်တွင် ငွေကျပ်(၈၈၂၉.၅၀)သိန်း ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့ မိုးရာသီစိုက်ပျိုးစရိတ်များ ထုတ်ချေးပေးရာတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၈၃)အုပ်စုမှ တောင်သူများအတွက် ငွေကျပ်(၆၀၀၀၀)သိန်းလျာထားပြီး စပါး(၁)ဧကအတွက် ငွေ(၁၅၀၀၀၀)ကျပ်၊ ယာသီးနှံတစ်ဧက အတွက်ငွေ(၁၀၀၀၀၀)ကျပ်၊ ဝါသီးနှံ မျိုးစေ့ထုတ်(၁)ဧကအတွက် ငွေ(၁၅၀၀၀၀)ကျပ်နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း ကျောက်ဆည်ခရိုင် မြန်မာ့လယ်ယာစီးပွားဘဏ် မန်နေဂျာ ဒေါ်ခင်ဆွေမျိုးတင့်က ရှင်းလင်းပြောကြားခဲ့ပြီး မိုးရာသီစိုက်ပျိုးစရိတ်များ ထုချေးပေးလျက်ရှိရာ ကျေးရွာအုပ်စု(၄၀)အုပ်စုမှ တောင်သူ(၁၃၅၀)ဦးအတွက် စပါး(၅၂၇၁)ဧက၊ ယာသီးနှံ(၈၉၆)ဧက စုစုပေါင်း (၆၁၆၇)ဧကအတွက် ငွေကျပ်(၈၈၂၉.၅၀)သိန်း ထုတ်ချေး ပေးပြီးဖြစ်ကြောင်း ကျောက်ဆည်ခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် မိုးရာသီစိုက်ပျိုးရေးစရိတ်များကို ၂၀၂၃ ခုနှစ် စက်တင်ဘာ လကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)