တောင်သာ ဇူလိုင် ၂၁
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ တောင်သူများ အဆင်ပြေစေနိုင်ရေးအတွက် နိုင်ငံတော်က အတိုးနှုန်းသက်သာစွာဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ဇူလိုင်လ (၂၁)ရက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဒေသခံတောင်သူများအား ဆက်လက် ထုတ်ချေး ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးရာတွင် စပါး၊ စိုက်ပျိုးဧကလယ်တစ်ဧကကို ငွေကျပ် (၁၅၀၀၀၀/-)နှုန်း၊ ယာတစ်ဧကကို ငွေကျပ် (၁၀၀၀၀၀/-) နှုန်းဖြင့် အရာတော်ကျေးရွာရှိ တောင်သူ (၂၀) ဦး၊ ဧကပေါင်း (၁၄၄) ဧကအတွက် စုစုပေါင်း ငွေကျပ် (၁၄၄၀၀၀၀၀) သိန်းကို ကျေးရွာများရှိ တောင်သူ(၂၀) ဦးအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ကျန်ရှိသည့် တောင်သူများအားလည်း စိုက်ပျိုးစရိတ်ချေးငွေများကို ဆက်လက်ထုတ်ချေးပေးသွာမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တောင်သာမြို့နယ် မန်နေဂျာ ဦးသက်ခိုင်ဇော် ထံမှသိရသည်။
ကျော်မျိုးနိုင်(တောင်သာ)