ကျောက်တော် ဇူလိုင် ၂၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၌ ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ်အောင်သူဦးနှင့် အဝေးပြေးမော်တော်ယာဉ်ဂိတ်မှူးများ တွေ့ဆုံပွဲကို ယနေ့နံနက် ၈ နာရီ ၃၀ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် ဗိုလ်မှူးချုပ်အောင်သူဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာညွန့်နှင့်အဖွဲ့ဝင်များ၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ အဝေးပြေးမော်တော်ယာဉ်ဂိတ်မှူးများနှင့် သုံးဘီးဆိုင်ကယ်မောင်းသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ပြန်လည်ထူထောင်ရေးအတွက်ရောက်ရှိနေသော ဗိုလ်မှူးချုပ်အောင်သူဦးက ကားဂိတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ ကုန်စည်သွားလာစီးဆင်းမှု အဆင်ပြေစေရေး၊ လမ်းဘေးဝဲယာတွင် စည်းကမ်းမဲ့ရပ်နားထားသော ကုန်တင်ယာဉ်များ၊ ခရီးသည်တင်အဝေးပြေး မော်တော်ယာဉ်များ၊ သုံးဘီးဆိုင်ကယ်များ ယာဥ်စည်းကမ်း၊ လမ်းစည်းလိုက်နာပြီး စနစ်တကျရပ်နားရေး၊ ကားဂိတ်ဝန်းကျင်စနစ်တကျရှိပြီး ရေရှည်တွင်ပိုမိုကောင်းမွန်သော အခြေအနေတစ်ရပ် ဖြစ်လာစေရေးတို့အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများမှ သုံးဘီဆိုင်ကယ်ရပ်နားမည့်နေရာ လိုအပ်ချက်များနှင့် ယာဥ်အန္တရာယ်ကင်းရှင်းရေးကိစ္စရပ်များအား တင်ပြဆွေးနွေးမေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။
ဆက်လက်ပြီး ဗိုလ်မှူးချုပ်အောင်သူဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြိုနယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတို့က ကစ္ဆပသီရိကားဝင်းအတွင်း သွားရောက်ကွင်းဆင်းကြည့်ရှုခဲ့ပြီး ဗိုလ်မှူးချုပ်အောင်သူဦးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)