ဝမ်းတွင်းမြို့နယ်၌ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပြုခြင်းများဆောင်ရွက်

ဝမ်းတွင်း ဇူလှိုင် ၂၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပြုခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးလုံခြုံရေးကွင်းဆင်း စစ်ဆေးခြင်းများနှင့် ပတ်သက်၍ မီးဘေးအန္တရာယ် ကင်းဝေးစေရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊  မီးသတ်ဆေးဗူးအသုံးပြုပုံနှင့် လက်တွေ့ မီးငြိမ်းသတ်ခြင်းများကို အသိပညာပေးဆွေးနွေး ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းထံမှ သိရသည်။

ဝမ်းတွင်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိပြီး အသိပညာပေးစစ်ဆေး အကြံပြုခြင်းများကို နေလစက်သုံးဆီအရောင်ဆိုင်၊ ပိုးဥ ပိုးရွှင် စက်သုံးဆီ အရောင်းဆိုင်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဌေးလှိုင်