သိန္နီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများ၏ ပင်စင်လစာငွေများကိုထုတ်ပေး

သိန္နီ ဇူလိုင် ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၇ နာရီအချိန်က စတင်ကာ ပုံမှန်ထုတ်ပေးလျက်ရှိသည်။

အဆိုပါ ပင်စင်စားများ၏ ပင်စင်လစာများကို ထုတ်ပေးရာတွင် အချိန်နှင့်တစ်ပြေးညီ ထုတ်ယူရရှိ စေရေးအတွက် ကြော်ငြာများ ကပ်ထားပေးခြင်း၊ အခက်အခဲတစ်စုံတစ်ရာရှိပါက ကူညီ ဖြေရှင်း ဆောင်ရွက်ပေးခြင်းများကို ဘဏ်မန်နေဂျာ၏ ကြီးကြပ်မှုဖြင့် ဘဏ်ဝန်ထမ်းများက ကူညီဆောင် ရွက်ပေးလျက်ရှိသည်။ သိန္နီမြို့နယ်တွင် ပင်စင်စားဦးရေ (၆၀၁)ဦးရှိရာ လစဉ်ပင်စင် စတင်ထုတ်ပေး သည့် (၂၁) ရက်နေ့တွင် ပျှမ်းမျှ အားဖြင့်ပင်စင်စားဦးရေ(၃၀၀) ခန့်လာရောက်ထုတ်ယူလေ့ရှိပြီး ဦးရေ (၁၀၀) ခန့်သည် လကုန်ရက် အထိလာရောက်ထုတ်ယူကြ ကြောင်း၊ကျန်ရှိသည့်ပင်စင်စား များသည် (၂) လတစ်ကြိမ်၊ (၃) လတစ်ကြိမ်မှသာ ထုတ်ယူကြကြောင်းဘဏ်မန်နေဂျာထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)