မင်းလှ ဇူလိုင် ၂၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အတူအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့် ခရိုင်အဆင့် ဌာနဆိုင်ရာများသည် ယမန်နေ့ နေ့လည်ပိုင်းက သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ထန်းပင်ကုန်းအုပ်စု၊ ထန်းပင်ကုန်းကျေးရွာတွင် သိန်းရွှေကုမ္ပဏီမှ ဆောင်ရွက်နေသည့် မွေးမြူရေးငါကန်နှင့် ဥစားကြက်များ မွေးမြူထားခြင်းကို ကြည့်ရှုအားပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က မွေးမြူရေးကိစ္စရပ်များကို (PowerPoint)ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက်ဝန်ကြီးချုပ်သည် အမှတ်(၃)ရပ်ကွက်၊ လမ်းမတော်လမ်းတွင် မွေးမြူရေး အသားတိုး ဝက်မျိုးကောင်ရေ (၇၀)ခန့်မွေးမြူထားသည့် ဦးသန်းစိုး၏ စီးပွားဖြစ်မွေးမြူရေးခြံသို့ သွားရောက်၍ ကြည့်ရှုအားပေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)