ရန်ကင်း ဇူလိုင် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို စဥ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အ.လ.က(၁)ရန်ကင်းကျောင်းရှိ ကျောင်းသား/ သူ( ၄၄၇ )ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် ရန်ကင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာသီသီလတ်ကြီးကြပ်၍ အ.လ.က(၁)ရန်ကင်း ကျောင်းမှအသက် ၅ နှစ်မှ ၁၈ နှစ်ကျောင်းသားကျောင်းသူ စုစုပေါင်း(၄၄၇)ဦးအား ကိုဗစ်ကာကွယ်ဆေး Sinopharm ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဆေးထိုးနှံရန်လာရောက်သည့်ကျောင်းသား/ သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီးမှသာ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ စေတနာ့ဝန်ထမ်းများမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှလှေထွး(ပြန်/ဆက်)