ချောင်းဆုံ ဇူလိုင် ၂၁
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ပြည်သူများ လူကုန်ကူးမှုဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မော်လမြိုင်ခရိုင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု အမှတ်(၉)တို့ ပူးပေါင်းကာ ယမန်နေ့ နေ့လယ်(၁၂း၃၀)နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီအရာရှိမှ အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ပြောကြားပြီး မော်လမြိုင်ခရိုင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု အမှတ်(၉)မှ ရဲအုပ်ချစ်ချစ်စိုးက လူကုန်ကူးမှုတားဆီးကာကွယ်နိုင်ရေးအတွက် သိထားသင့်သည့်အချက်များ ၊ ကြိုတင်ကာကွယ်ရမည့်အချက်များ နှင့် လူကုန်ကူးမှုခံရပါက ဆက်သွယ်အကူအညီတောင်းခံနိုင်သည့် နည်းလမ်းများ၊ ဖုန်းနံပါတ်များကို ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)