သာကေတ ဇူလိုင် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့တို့ ပူးပေါင်းကာ စာရေးဆရာမ ခင်စောတင့်ရေးသားသည့် “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ ”စာအုပ်ဖြင့် အပြန်အလှန်ဆွေးနွေးခြင်း စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ်(၁၂:၀၀)နာရီအချိန်၌ သာကေတမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)ဥက္ကဋ္ဌ ဒေါက်တာသန်းထိုက်မှ လစဥ်ပြုလုပ်လျက်ရှိသည့် စာအုပ်စာပေ၏ အနှစ်သာရများကိုဆွေးနွေးခြင်းစာဖတ်ဝိုင်းကို တက်ရောက်ဆွေးနွေးသူများမှာ စာပေနှင့်ထိတွေလျက်ရှိသည့် စာရေးဆရာ၊ ဆရာမများထက် စာပေနှင့်ကင်းကွာလျက်ရှိသည့်လူငယ်များ တက်ရောက်ဆွေးနွေးရန် လိုအပ်ကြောင်းနှင့် လူငယ်များအားဦးတည်ကာ ဆောင်ရွက်မည့် ရည်ရွယ်ချက်အား ပြောကြားခဲ့သည်။
ဆက်လက်ပြီးစာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)ဒုဥက္ကဋ္ဌ နန်းဟင်းပြင်း၊ လူငယ်များအသင်း(Youth Club) နာယကဦးမြစိန်တို့မှ ဦးဆောင်ကာ “စွန့်စားမှုဆီသို့ ခြေတစ်လှမ်း”၊ “ရွှေ့လျားစက် လှေကား ပေါ်မှသူစိမ်း”၊ “သိုက်မြုံမှခွာသောအခါ”၊ အချိန်အခါကိုသိပါ”၊ “သန်းခေါင်းယံကဖုန်းခေါ်သံ”စသည့် စာစုများ၌ ပါဝင်သည့် အကြောင်းအရာများအား လူမှုပတ်ဝန်းကျင်အသိုင်းအဝန်း၌ နေ့စဥ်ကြုံတွေနေရသည့်အဖြစ် အပျက်များနှင့် နှိုင်းယှဥ်ကာ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေဝါသနာရှင်စာရေးဆရာမများ၊ (Book Club)၊ (Youth Club) အဖွဲ့ဝင်များမှ ကျန်ရှိသည့်အကြောင်းအရာ စာစုများအား ဖြည့်စွက် ဆွေးနွေးခဲ့ပြီး မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူက စာဖတ်ဝိုင်းအားလစဥ်မပြတ် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးသည် စာပေဝါသနာရှင်၊ စာပေချစ်မြတ်နိုးသူများ၏ အပေါ်တွင်မူတည်၍ တက် ရောက်ဆွေးနွေးကြသည့် စာပေချစ်မြတ်နိုးသူများအား ကျေးဇူးတင်ရှိကြောင်းနှင့် နောက်နောင်တွင် တက်ရောက်ဆွေးနွေးသူ လူငယ်များ များပြားလာစေရန် ဆောင်ရွက်မည့် ရည်မှန်းချက်အား ပြောကြားခဲ့ကာ စာဖတ်ဝိုင်း ဆွေးနွေးပွဲအားရုတ်သိမ်းခဲ့သည်။
ဆောင်းနှင်းဖြူ (ပြန်/ ဆက်)