ကိုကိုးကျွန်း ဇူလိူင်၂၁
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆောင်ရွက်ရာမှာ ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင်ပါ၀င်သည့် လုပ်ငန်းတစ်ခုဖြစ်တာကြောင့် ယမန်နေ့ နံနက်(၉:၀၀) နာရီအချိန်တွင် ကိုကိုးကျွန်းမြို့နယ်အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းခန်းမတွင် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့်အထက်တန်း အသက် ၅ နှစ်မှ အသက် ၁၈ နှစ်ထိ ကျောင်းသား၊ ကျောင်းသူမျာ ထပ်စောင်းကာကွယ်ဆေးထိုးနှံခြင်းကို တပ်မတော်မှဆေးအဖွဲ့များ မြို့နယ်ဆေးရုံမှ ဆရာ၀န်ကြီးဒေါက်တာအောင်လိူင်ဝင်းနှင့် သူနာပြုများ စေတနာ့၀န်ထမ်းများမှ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌဉီးဆန်းမင်းနှင့်စီမံအဖွဲ့၀င်များ၊ ကိုကိုးကျွန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီဝင်များမှ လာရောက်ကြည့်ရှုအားပေးခဲ့ပြီး ပညာရေးစစ်ကြောင်းနှင့် ကျန်းမာရေးစစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်းများတို့ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံနေမှုများအား လိုအပ်သည်များကို ဝိုင်း၀န်းကူညီပြီး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုကိုးကျွန်းမြို့နယ်တွင် အသက် ၅ နှစ်မှ အသက် ၁၈ နှစ်ထိ ကျောင်းသား/သူများ ကာကွယ်ဆေးထိုးနှံခြင်းသည် ဒုတိယအကြိမ် ထပ်စောင်းကာကွယ် ဆေးထိုးနှံခြင်းဖြစ်ကြောင်းနှင့် ဆေးထိုးသူကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂၃၈ ဦး ထိုးနှံခဲ့ကြောင်းနှင့် Sinopharm အမျိုးအစား ဆေးအလုံး(၄၈)လုံးထိုးနှံပေးခဲ့ကြာင်း သိရသည်။
ကိုကိုးကျွန်း( ပြန်ဆက်)