သံဖြူဇရပ်မြို့နယ်တွင် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic Data) နှင့် ဇီဝဆိုင်ရာ  အချက်အလက် (Biometric Data)   ကောက်ယူခြင်းများ ဆောင်ရွက်

သံဖြူဇရပ်  ဇူလိုင် ၂၁

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက (Biometric Data) အချက်အလက်စာရင်း   ကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက (Biometric Data) အချက်အလက်စာရင်း   ကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးခြင်း လုပ်ငန်းများကို  ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပြည်သူများကို ဇွန်(၂၈)ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ကောက်ယူရန် ကျန်ရှိနေသည့်  ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပြည်သူများကိုနိုင်ငံသားစိစစ်ရေး ကတ်ပြားများ ယူဆောင်လာစေပြီး (Biometric) ဆိုင်ရာ  အချက်အလက်များ စာရင်းကောက်ယူပြီး  (Database)တွင် သိမ်းဆည်းကာ  ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်ပါကတ်ပြားများကို နေ့ချင်းအပြီး ထုတ်ပေး လျက်ရှိကြောင်းနှင့် ကျန်ရှိသည့် ဌာနဆိုင်ရာများနှင့်မိ သားစုဝင်များ၊ ပြည်သူများကို ဆက်လက်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှသိရသည်။

မြို့နယ်(ပြန်/ ဆက်)