ကွန်ဟိန်း ဇူလိုင် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ မြန်မာ့စီးပွါးရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၈ နာရီခွဲခန့်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ကွန်ဟိန်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာ ငွေများကို နိုင်ငံတော်အစိုးရက သတ်မှတ်ထားသော ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိရာ ကွန်ဟိန်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားဝန်ထမ်း (၂၁၇)ဦးရှိ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)