မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်/စာစောင်များ ကွင်းဆင်းငှားရမ်း

မိုးနဲ ဇူလိုင် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစီအစဥ်ဖြင့် ယနေ့နံနက် ၉ နာရီခွဲအချိန်က ကုန်းလုံ အခြေခံပညာမူလတန်းကျောင်းသို့ စာအုပ်/စာစောင်များ ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာအုပ်/စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခြင်းကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အပတ်စဥ် သောကြာနေ့တိုင်း အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများသို့ လဲလှယ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါတွင် ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ စာအုပ်/စာစောင် ဖတ်ရှုခြင်းဖြင့် ဥာဏ်ရည်ဥာဏ်သွေး ကိုယ်ရည်ကိုယ်သွေး ထက်မြတ်လာစေရန်၊ အသိအလိမ္မာတိုးပွားလာစေရန်၊ စာပေလိုက်စားမှု ပိုမိုများပြား လာစေရန်၊  ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်ရည်ရွယ်၍ တေဇ၊ ရုပ်ပြစာအုပ်များကို ကွင်းဆင်းငှားရမ်းပေးခဲ့ရာ ကျောင်းသား/ကျောင်းသူလေးများမှ စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း စာကြည့်တိုက်တာဝန်ခံထံမှ သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)