ကော့မှူး အောက်တိုဘာ ၁၃
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် နေအိမ်ပြင်ပသို့ထွက်ခွာတိုင်း နှာခေါင်းစည်း Mask တပ်ဆင် သည့်အလေ့ အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်က လူစည်ကားရာနေရာများနှင့် မြို့မဈေးကြီး အတွင်းလိုက်လံစစ်ဆေးဆောင်ရွက်နေကြောင်းသိရသည်။
ထို့သို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉အရေးပေါ်တုံ့ပြန့်ရေး ကော်မတီဝင်များ ကျန်းမာရေး ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှဝန် ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေး အဖွဲ့တို့ပူးပေါင်း၍ ကားများ၊ ဆိုင်ကယ်များ၊ ဆိုက်ကားများနှင့် လမ်းသွားလမ်းလာများတွင် နှာခေါင်းစည်း Mask မတပ်ဆင်သူများအား ဒဏ်ငွေ(၂၀၀)ပေးဆောင်စေ၍ မှတ်တမ်းရေးသွင်းခြင်း၊ တပ်ဆင်ရန်နှာခေါင်းစည်း Mask များထုတ်ပေးခြင်းများဆောင်ရွက်နေကြောင်းသိရသည်။
ဆက်လက်၍ မြို့မဈေးကြီးအတွင်း ဈေးရောင်းချသူများအားနှာခေါင်းစည်း Mask တပ်ဆင်ပြီးမှရောင်းချရန်၊ နေအိမ်ပြင်ပသို့ထွက်ခွာတိုင်း နှာခေါင်းစည်း Mask တပ်ဆင်ကြရန် ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီရောင်းချကြရန် လက်ကိုင်စပီကာဖြင့် အသိပ ညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျော်သူရ ကော့မှူး