မရမ်းကုန်း အောက်တိုဘာ ၁၃
ကိုဗစ်-၁၉ ကာလအတွင်း ရောဂါကူးစက်မှုမှ ထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် ရန်ကုန် အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် နေအိမ်ပြင်ပထွက်ခွာသူများအား ပါးစပ်၊ နှာခေါင်းစည်း (Mask)တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြေပြင်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မရမ်းကုန်းမြို့နယ် အမှတ် (၁) ရပ်ကွက်ရှိ မြရတနာစျေးနှင့် သမိုင်း ဘူတာ ပျံကျစျေးနေရာများ၌ ဖြတ်သန်းသွားလာသည့် နှာခေါင်းစည်း တပ်ဆင်ထားခြင်းမရှိသူများကို စစ်ဆေးပြီး တပ်ဆင်ခြင်းမရှိသူ (၅) ဦးအား ဒဏ်ကြေးငွေပေးဆောင်စေသည့် ပြေစာများဖြင့် ပေးဆောင်စေခြင်းနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးခြင်းများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာ၊ မြို့နယ်စည်ပင်သာယာရေး၊ မြို့နယ်အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့် တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အေးအေးအောင် (ပြန်/ဆက်)