မိုးညို အောက်တိုဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ သဘာဝ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့နံနက် ၇ နာရီ အချိန်က မိုးညိုမြို့၊ စည်ပင်သာယာစျေးရှေ့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတွင် လမ်းသွား လမ်းလာများ၊ စျေးရောင်းစျေးဝယ် လာရောက်သူများအား နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်း အမှတ်အဖြစ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ လူငယ်ရေးရာအဖွဲ့နှင့် Volunteer များပူးပေါင်း၍ လမ်းသွား လမ်းလာများ၊ စျေးရောင်းစျေးဝယ် လာရောက်သူများအား နှာခေါင်းစည်း Mask (၁၅၀၀)ခုအား အခမဲ့ ဖြန့်ဝေပေးခဲ့ပြီး ကိုဗစ်(၁၉)ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုမင်း(မိုးညို)