ပန်းဘဲတန်း အောက်တိုဘာ ၁၃
ပန်းဘဲတန်းမြို့နယ် မဟာသိမ်တော်ကြီးပရိယတ္တိစာသင်တိုက်မှ သံဃာတော်(၇၆)ပါး ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်း၍ သိမ်တော်ကြီးကျောင်းတိုက်သို့ ယနေ့နံနက်ပိုင်းတွင် ပြန်လည်ရောက်ရှိလာပြီး မြို့နယ် အုပ်ချုပ်ရေးမှူးဦးကျော်ခိုင် ဦးဆောင်၍ ကြိုဆိုခဲ့ကြောင်း သိရှိရပါသည်။
ပန်းဘဲတန်းမြို့နယ် မဟာသိမ်တော်ကြီးပရိယတ္တိစာသင်တိုက်မှ သံဃာတော်(၇၆)ပါးတွင် ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိသောကြောင့် အောက်တိုဘာလ (၅)ရက်နေ့က ဗဟန်း(၃)လမ်းရှိ အဘိဓမ္မာသာသနာ ဓရဗိမ္မာန်သို့ပို့ဆောင်ပြီး၊ ယခုအခါ အဆိုပါ သံဃာ(၇၆)ပါးသည် ကိုဗစ်-၁၉ရောဂါသက်သာပျောက်ကင်း၍ မဟာသိမ်တော်ကြီး ကျောင်းတိုက်သို့ ပြန်လည်ရောက်ရှိလာကြောင်း သိရှိရပါသည်။
အဆိုပါ သံဃာ(၇၆)ပါးအား မဟာသိမ်တော်ကြီးပရိယတ္တိစာသင်တိုက်တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး၊ သံဃာတော်များအသုံးပြုရန် အသုံးအဆောင်ပစ္စည်းများအား ရွှေသံလွင် ကုမ္ပဏီမှလှူဒါန်းပေးကြောင်း တိုက်အုပ်ဆရာတော် ဘဒ္ဒန္တဂုဏလင်္ကာရ၏ မိန့်ကြားချက်အရ သိရှိရပါသည်။
နေခြည်(ပြန်/ဆက်)