ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် နန်းရာကုန်းကျေးရွာအုပ်စုကွင်း၌ စုပေါင်းထွန်ယက်ပွဲနှင့် စူပါဘိုကာရှိမြေဆွေးပုံလက်တွေ့ ပြုလုပ်ပြသခြင်း၊ ပျိုးခင်းများအား ယူရီးယားမြေဩဇာစုပေါင်းကြဲပက်ခြင်းနှင့် ကွင်းသရုပ်ပြပွဲဆောင်ရွက်နေမှုအား တက်ရောက် အားပေ

ဘူးသီးတောင် ဇူလိုင် ၂၀

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ တောင်သူများနှင့်အတူ ယမန်နေ့နံနက်(၉)နာရီအချိန်က ဘူးသီးတောင်မြို့နယ်၊ နန်းရာကုန်းကျေးရွာ လယ်မြေ(၈၅)ဧကအတွင်း စုပေါင်းထွန်ယက်ပွဲနှင့်အကျိုးဆောင် တောင်သူများဖြင့် မျိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း (၈၅)ဧကဆောင်ရွက်ရန် ပျိုးထောင်ထားရှိသည့် ဆင်းသွယ်လတ်၊ ဆင်းသုခ၊ ပေါ်ဆန်းယဉ်ပျိုးခင်းများအား ယူရီးယားမြေဩဇာနှင့် စူပါဘိုကာရှိမြေဆွေးရောစပ်၍ ပျိုးခင်းများအား စုပေါင်းကြဲပက်နေမှုကို လှည့်လှယ်ကြည့်ရှု ကွင်းဆင်းအားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့်တာဝန်ရှိသူများသည် စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်မြေအသုံးချတာဝန်ခံဒေါ်ခင်ဆွေအေးနှင့်အဖွဲ့မှ တောင်သူများအား စူပါဘိုကာရှိ မြေဆွေးပုံလက်တွေ့ ပြုလုပ်ပြသနေမှုကို ကြည့်ရှုအားပေး၍ တောင်သူများအား သဘာဝ ဓါတ်မြေဩဇာပြုလုပ်ရာ၌ အသုံးပြုသည့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြုလုပ်ထားသော အသင့်သုံး EMဖျော်ရည်ဗူးများ ပေးအပ်ခဲ့ပြီး တောင်သူများအား စူပါဘိုကာရှိမြေဆွေးများအား တောင်သူများအနေဖြင့် လက်တွေ့အသုံးပြုကြရန်နှင့် စိုက်ပျိုးသည့်မိုးစပါးများ အောင်မြင် ဖြစ်ထွန်းအောင်ဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်းသိရသည်။

ဘူးသီးတောင်မြို့နယ်အတွင်း မိုးစပါးလျာထားချက်မှာ (၅၃၉၀၂)ဧကရှိရာ ပျိုးထောင်ပြီးဧက (၂၅၅၅)ဧကနှင့် စိုက်ပျိုးပြီးဧက (၁၅၇၉၉) ဧကဖြစ်ကြောင်း ယခုနှစ်တွင်ယမန်နှစ်ထက် ကာလတို စိုက်ဧကထက်(၁၈၇)ဧက ပိုမိုစိုက်ပျိုးပြီးဖြစ်ပါကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ညီထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)