မိုင်းယန်း ဇူလိုင် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်စေရေးအတွက် ဘုန်းတော်ကြီးကျောင်းများသို့ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက တာဝန်ရှိသူများမှ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးသူ၊ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပူးပေါင်းအဖွဲ့မှ ဘုန်းတော်ကြီးကျောင်းများအတွင်းရှိ ပုံး၊ မြေအိုး၊ တာရာ၊ ရေကန်အဟောင်းနှင့် ရေတိုင်ကီအဟောင်းများရှိ ညစ်ညမ်းရေများကိုသွန်ပေးခြင်း၊ အဖုံးမပါသော ရေအိုး၊ ရေကန်များကိုဖုံးပေးခြင်း၊ ပိုးလောက်လန်း ရှိ/မရှိ စစ်ဆေးပေးခြင်း၊ ရေကန်နှင့် ရေစည်များအတွင်း အဘိတ်ဆေးခတ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး