တုံတာ ဇူလိုင် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်လတ်နှင့် မိုင်းပျဥ်းမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနလဝကမှူး ဦးစိုင်းသန်းထွန်းတို့ ပူးပေါင်း၍ Biometric Enrollment and UID Management System အသုံးပြု၍ အချက်အလက်များကောက်ယူခြင်းလုပ်ငန်းကို ယနေ့တွင်တုံတာမြို့၊ အခြေခံပညာအလယ်တန်း(နောက်)ကျောင်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့တွင် ဆောင်ရွက်လျက်ရှိရာ ပညာရေးဝန်ထမ်းများနှင့် ဝန်ထမ်းမှီခိုမိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစီစစ်ရေးကတ်ပြား ရှိပြီးသော ကျောင်းသား၊ ကျောင်းသူများအား စာရင်းကောက်ယူဆောင်ရွက်ကြောင်း သိရသည်။
မြတ်မွန်(ပြန်/ဆက်)