တံတားဦး ဇူလိုင် ၁၈
တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်မကော်မတီ (ပထမအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၂)နာရီက တံတားဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ကမ္ဘာပေါ်တွင် လူဦးရေတိုးတက်များပြားလာသည်နှင့်အမျှ လိုအပ်သည့် စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများကို ဖြည့်ဆည်းနိုင်ရေး၊ လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် အဆင့်မြင့်နည်းပညာများ တီထွင်အသုံးပြု၍ ဖန်တီးထုတ်လုပ်လာကြကြောင်း၊ ဒါ့အပြင် သဘာဝအရင်းအမြစ်များကို တိုးတက်ထုတ်ယူ သုံးစွဲလျက်ရှပါကြောင်း၊ ပြည်သူများအနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပတ်ဝန်းထိန်းသိမ်းစောင့်ရှောက်ရေးကို ပဓာနကျသောလုပ်ငန်းစဉ်အဖြစ်ထားရှိပြီး ဆောင်ရွက်သွားရာတွင် ပတ်ဝန်းကျင်၊ စီးပွားရေးနှင့်လူမှုရေးဟူသော ဒေါက်တိုင်ကြီး(၃)ခု ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်မှသာ ရေရှည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို ရရှိမှာဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ကျောက်ဆည်/တံတားဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမော်မော်ကိုက ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ဆိုင်ရာကြီးကြပ်မှုဆပ်ကော်မတီ ပေါ်ပေါက်လာပုံနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို Power Point ဖြင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ခရိုင်အဆင့်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီဝင်များမှ မိမိတို့လုပ်ငန်းကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူများက လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးကြောင်း သိရသည်။
ဦးရဲတင့်(ပြန်/ဆက်)