ညောင်ဦး ဇူလိုင် ၂၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ လောကထိပ်ပန်ဂူဘုရားအတွင်းရှိ ခေတ်ဟောင်းမွန်ဘာသာ၊ ခေတ် ဟောင်းမြန် မာဘာသာဖြင့် ရေးဆွဲဖော်ပြထားသည့် နံရံဆေးရေးပန်းချီ ၊ဗုဒ္ဓဝင်ရှစ်ခန်း၊ဇာတ်ကြီးဆယ်ဘွဲ့တို့ကို ဖတ်ရှုလေ့လာနိုင်ကြောင်းသိရသည်။
လောကထိပ်ပန်ဘုရားသည် အလောင်းစည်သူမင်းကြီးလက်ထက်တွင် တည်ထားခဲ့သောအေဒီ (၁၂)ရာစုအစောပိုင်းဂူဘုရားတစ်ဆူဖြစ်ကာ အတွင်းနံရံတို့တွင် အလွန်စိတ် ဝင်စားဖွယ်ကောင်း ၍ အပျက်အစီးနည်းသော နံရံဆေးရေးပန်းချီများကိုမင်စားများနှင့်တ ကွတွေ့ရှိရသည်။ နံရံဆေး ရေးပန်းချီများမှာ နှစ်ကျိတ်ရှစ်ဆူ၊ ဗုဒ္ဓဝင်ရှစ်ခန်း၊ ဇာတ်ကြီး ဆယ်ဘွဲ့နှင့်ငါ့ရာ့ငါးဆယ်ဇာတ်တော်မှ ဇာတ်တော် (၃၃)ခုတို့၏ အကြောင်းအရာကောက် နှုတ်ချက်များကို ခေတ်ဟောင်းမွန်ဘာသာမင်စာအနည်းငယ်ဖြင့်လည်းကောင်း၊ ခေတ်ဟောင်းမြန်မာ ဘာသာမင်စာ စာတန်းရှည်များဖြင့် လည်းကောင်း ရေးဆွဲဖော်ပြထားသည်။ ဝေဿန္တရာဇာတ်တော်နှင့်မဟော်သဓာ ဇာတ်တော်များကို အာရုံခံ၏နံရံတစ်ဘက် စီတွင်ရေးဆွဲထားပြီး အေဒီ (၁၁)ရာစုမှ (၁၂)ရာစုသို့အကူးအပြောင်းကာလတွင် ဂူဘုရားတည်ဆောက်မှုအနုပညာ၊ နံရံပန်းချီရေးဆွဲမှုအနုပညာနှင့် မြန်မာစာပေဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာမှုတို့ကို တွေ့ရှိလေ့လာနိုင်သည်။ ၁၉၉၄ ခုနှစ်တွင် UNDP နှင့် လည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် UNESCO နှင့်လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင်ဌာနမှ လည်ကောင်း၊ နံရံပန်းချီထိန်းသိမ်းရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြောင်းသိရပြီး နံရံဆေးရေး၊ ပန်းချီ၊ မင်စာများကိုဝင့်ရောက်လေ့လာနိုင်ပေမယ့် ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခွင့်မရှိကြောင်းလည်း သိရသည်။
လောကထိပ်ပန်ဘုရား၏ တောင်ဘက်တွင် ရွှေဆံတော်စေတီတော်၊ တာမဏီသိမ်၊ အရှေ့ဘက် တွင် မြေဘုံသာဘုရားလှဂူဘုရား၊ မြောက်ဘက်တွင် အာနန္ဒာဘုရား၊သဗ္ဗညု ဘုရား၊ အနောက် ဘက်တွင် လောကအုတ်သျှောင်ဘုရားနှင့်ဘုရား၊ စေတီ၊ ပုထိုး၊ သာသနိကအဆောက် အအုံများကို လေ့လာနိုင်ကြောင်း သိရသည်။
ဒီပါလင်း