အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ကွတ်ခိုင်တပ်နယ်မှ အခြေခံစားကုန်နှင့်ဟင်းသီးဟင်းရွက်များအား စျေးနူန်းသက်သာစွာဖြင့်ရောင်းချ

ကွတ်ခိုင် ဇူလိုင် ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့တွင် ယနေ့နံနက် (၉)နာရီအချိန်က အ‌ရှေ့မြောက် တိုင်းစစ်ဌာနချုပ်၊ ကွတ်ခိုင်တပ်နယ်မှ အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များအား စျေးနူန်းသက်သာစွာဖြင့် အပါတ်စဉ်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့် စားဝတ်နေရေးအဆင်ပြေမူရှိစေရေးအတွက် ရောင်းချပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ အ‌ရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ကွတ်ခိုင်တပ်နယ်မှ ရောင်းချလျက်ရှိသော အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များအား ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူများက လွတ်လပ်စွာ ဖြင့်ဝယ်ယူကြရာ ကြက်ဥတစ်လုံး(၂၀၀/-)၊ ချဉ်ပေါင်ရွက်တစ်စီး (၅၀၀/-)၊ ရွှေဖီဦးတစ်ထုပ်(၄၀၀၀/-)၊ ကြက်သားတစ်ထုပ်(၂၅၀၀/-) နှုန်းဖြစ်လည်‌ကောင်း အစရှိသည်တို့ကိုလည်း ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ချစ်မျိုးဦး (ကွတ်ခိုင်)