တနိုင်းမြို့ အခြေခံပညာ မူလတန်းလွန်-မုန်ဒိန်ကျောင်း၌ နယ်လှည့်ကွင်းဆင်းဆောင်ရွက်

တနိုင်း ဇူလိုင် ၂၀

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၊ အခြေခံပညာမူလတန်းလွန်-မုန်ဒိန်ကျောင်း၌ နယ်လှည့်ကွင်းဆင်း ဟောပြောပွဲကို ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီက ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင် - ၃ (ပြ) ဒေါ်ဂျာအောင်လုက ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာ တိုးပွားစေရန် စာအုပ်စာစောင်များ ဖတ်ရှုလေ့လာသင့်ကြောင်း၊ စာဖတ်ခြင်း အကျိုးကျေးဇူးများနှင့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို အကျယ်တဝင့် ဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲနှင့်အတူ အာဇာနည်နေ့အကြောင်း အသိပညာပေး နံရံကပ်စာစောင်များနှင့် ဗဟုသုတရရှိဖွယ် သုတ၊ ရသစာအုပ်များကို ခင်းကျင်းပြသ ထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

အလားတူ တနိုင်းမြို့နယ် အခြေခံပညာ မူလတန်းလွန်-တပ်နယ်ကျောင်းတွင်လည်း မွန်းလွဲပိုင်းက နယ်လှည့်ကွင်းဆင်း ဟောပြောပွဲနှင့် ပြပွဲများကျင်းပခဲ့ကြောင်း သိရသည်။

ပန်းအိ(တနိုင်း)