ကျိုင်းတုံမြို့၌ လူကုန်ကူးမှုအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

ကျိုင်းတုံ ဇူလိုင် ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် လူကုန်ကူးမှုအန္တရာယ်၊ လူမှောင်ခိုအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ရေး  အသိပညာပေးဟောပြောပွဲကို ကျိုင်းတုံမြို့ရှိ ဆရာအတတ်သင်ပညာဦးစီးဌာန၊ ပညာရေး ဒီဂရီ ကော လိပ်ကျောင်းခန်းမ၌ ဇူလိုင်လ ၁၈ရက် မွန်းလွဲပိုင်း၌ကျင်းပခဲ့‌ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့ အမှတ်(၁၈)လူကုန်ကူးမှုတားဆီး နှိမ်နှင်းရေး တပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး အောင်ကျော်ဇင်က လူကုန်ကူးမှု၊ လူမှောင်ခိုအကြောင်း၊ လုံခြုံစိတ်ချ ရသော ရွေ့ပြောင်းသွားလာမှုဆိုင်ရာများ၊ တရားမဝင်အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများမှ လိမ်လည်ဆောင်ရွက်နေမှုအခြေအနေများ၊ လူကုန်ကူးခံရပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များနှင့် ဆက်သွယ်အကြောင်းကြားရမည့်လိပ်စာနှင့် လူကုန်ကူးမှုနှင့် ပတ်သက်၍ ပြဌာန်း ထားသော ဥပဒေများအကြောင်းတို့ကို ဟောပြောဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်း စာစောင် များဖြန့်ဝေပေးခဲ့‌ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆရာအတတ်သင်ပညာဦးစီးဌာန၊ ပညာရေး ဒီဂရီ ကောလိပ်မှ ဒုတိယကျောင်းအုပ်ကြီး ဒေါက်တာဝင်းဝင်းခိုင်နှင့်ဆရာ/မများ၊ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၃၁၂)တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)