နောင်ချိုမြို့ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများအား အာဟာရအဖြစ် နွားနို့နှင့်ကြက်ဥများတိုက်ကျွေး

နောင်ချို ဇူလိုင် ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား အာဟာရအဖြစ် နွားနို့နှင့်ကြက်ဥများ တိုက်ကျွေးလျက်ရှိရာ ဇူလိုင်(၁၈)ရက်နေ့က အ.မ.က(၂) နှင့် အ.မ.က(၁၁၅)တို့၌ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ကျွေးရာတွင် နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်နှင့် ဝန်ထမ်းများက ဌာနဆိုင်ရာ များ၊ မြို့နယ်မိခင်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့များလိုက်ပါ၍ အ.မ.က(၂)ကျောင်းနှင့် အ.မ.က(၁၁၅)ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူ (၃၃၀)ဦးတို့အား အာဟာရ နွားနို့နှင့်ကြက်ဥများ တိုက်ကျွေးခဲ့ကြသည်။

နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ဝသော နွားနို့သောက်သုံး နိုင်စေရန် ဒေသထွက် နွားနို့စစ်စစ်နှင့်ကြက်ဥ တိုက်ကျွေးခြင်းများကို အခြေခံပညာကျောင်းများသို့ ကွင်းဆင်းတိုက်ကျွေးလျက်ရှိကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)