မအီ ဇူလိုင် ၂၀
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ အာဟာရရက် သတ္တပတ်အနေဖြင့် မအီမြို့နယ်အတွင်းရှိ အခြေခံပညာကျေးများရှိ ကျောင်းသူ/ကျောင်းသားများအား သန်ချဆေးများ တိုက်ကျွေးပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မအီမြို့၊ အခြေခံ ပညာအထက်တန်းကျောင်း၌ ကျောင်းသူ/ကျောင်းသားများအား သံချဆေးများတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
ထိုသို့ သန်ချဆေးများ တိုက်ကျွေးပေးခြင်းကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှကျန်းမာရေးဝန်ထမ်းများကတိုက်ကျွေးဆောင် ရွက်ခဲ့ကြခြင်းဖြစ်ပြီး ကျောင်းသား/ကျောင်းသူများ သန်ကောင်ရောဂါကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးအတွက် မူလတန်းအရွယ်မှ အထက်တန်းအဆင့်အထိ တစ်ဦးချင်းစီသို့ ကျန်းမာရေးဝန်ထမ်းများကိုယ်တိုင် သန်ချဆေးတိုက်ကျွေးပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကျေးရွာအုပ်စုများအတွင်းရှိ အခြေခံပညာကျောင်းများကိုလည်း အလားတူသန်ချဆေးတိုက်ကျွေးခြင်းများနှင့် အခြား ကျန်းမာရေးစောင့်ရှောက်ခြင်းများကို သက်ဆိုင်ရာကျေးလက်ကျန်းမာရေးဌာနခွဲ ဝန်ထမ်းများနှင့်ညှိနှိုင်း၍ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းမအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းကပြောကြားခဲ့ကြောင်း သိရသည်။
မောင်မောင်ဌေး(ပြန်/ဆက်)