မိုးကုတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး (Talk Show)ပြုလုပ်

မိုးကုတ် ဇူလိုင် ၁၉

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့နံနက် (:၃၀) နာရီအချိန်က ကျင်းပ ပြုလုပ် ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နွဲ့က ဆွေးနွေးပွဲကျင်းပ​ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများ၊ လွတ်လပ်ရေး ကြိုးပမ်းမှုဆောင်ရွက်ချက် များနှင့် လွတ်လပ်ရေးကို တန်ဖိုးထား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းခွာညိုနှင်းက အာဇာနည်ခေါင်းဆောင်ကြီး () ဦး၏ အတ္ထုပ္ပတိ အကြောင်းအရာများ၊  အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ်  အခမ်းအနားများပြုလုပ်ခြင်း၊ ကုသိုလ်ကောင်းမှု​ပြုလုပ်ပေးခြင်း၊ စာပေဟောပြောပွဲ၊ ပြပွဲ/ ပြိုင်ပွဲများ ကျင်းပ​ပြုလုပ်ခြင်းဖြင့် ပြည်သူများ၊ ကျောင်းသား/သူများအနေဖြင့် အာဇာနည်နေ့ကိူ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောင်​ခြင်း စသည့်အကြောင်းအရာ များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ကြည်ကြည်နွဲ့