လားရှိုး ဇူလိုင် ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးဂေါက်ကလပ်ကော်မတီမှ မုတ်သုံဖလားဂေါက်သီးရိုက်ပြိုင်ပွဲကို ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၆ နာရီအချိန်က လားရှိုးဂေါက်ကလပ်တွင်ကျင်းပပြုလုပ်သည်။
အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီ အခမ်းအနားသို့ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဂေါက်သီးရိုက် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ဆုချီးမြှင့်ခြင်းအခမ်းအနားကို ညနေပိုင်းတွင် လားရှိုးမြို့ ဂေါက်ကလပ်ခန်းမ၌ကျင်းပရာ ပြည်နယ် အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်) ဥက္ကဋ္ဌကအမှာစကားပြောကြားပြီး ဆုရရှိသူများကို ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ရွှေတန်း၊ ငွေတန်း၊ ကြေးတန်း၊ သက်ကြီးတန်းနှင့် အမျိုးသမီးတန်းဟူ၍ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)