လားရှိုးမြို့တွင် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံကို တိုင်ဝက်လွှင့်ထူခြင်းနှင့် ဥဩဆွဲခြင်းများ ပြုလုပ်

လားရှိုး ဇူလိုင် ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား သတိရလွမ်းဆွတ်ခြင်းဖြင့် ဌာနဆိုင်ရာရုံးများ၊ နေအိမ်များတွင် နိုင်ငံတော်အလံကို တိုင်တစ်ဝက်လွှင့်ထူခြင်းနှင့် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည့်အချိန်တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဥဩဆွဲအလေးပြုခြင်း၊ မြို့တွင်းလမ်းမများပေါ်တွင် သွားလာနေသော ယာဉ်များမှ ရပ်တန့်၍ ဟွန်းများတီးကာ အာဇာနည်ခေါင်းဆောင်ကြီးများကို အသိအမှတ်ပြုခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)