ဝမ်းတွင်း ဇူလိုင် ၂၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မူမြစောက လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဦးတင်လှိုင်(စာကြည့်တိုက်လက်ထောက်-၃)က (၇၆) နှစ်မြောက် အာဇာနည်နေ့နှင့်ပတ်သက်၍ အမျိုးသား ဗိသုကာလွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပုံများ၊ အာဇာနည်(၉)ဦးနှင့် ပတ်သက်၍ သိကောင်း စရာများကိုရှင်းလင်းခဲ့ပြီး ကျောင်းသား၊ကျောင်းသူ လူငယ်မောင်မယ်များအနေဖြင့် ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်သည့် အာဇာနည်နေ့ကို မမေ့သင့်ဘဲ နှလုံးသားထဲမှာ အမြဲတည်ရှိနေရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲသို့ ဦးစီးအရာရှိ ဒေါ်မူမြစောနှင့် ဝန်ထမ်းများ၊ အခြေခံပညာအထက်တန်းကျောင်း-ခွဲ ဝမ်းတွင်း(၁)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူ များတက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)