ကျောက်တော်မြို့၌ (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

ကျောက်တော် ဇူလိုင် ၂၀

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ကျောက်တော်မြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ စာစီစာကုံးပြိုင်ပွဲဆု ရကျောင်သား/ကျောင်းသူများအား ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပညာရေးရုံးအစည်းအဝေးခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆုပေးပွဲအခမ်းအနားတွင် ကျောက်တော်မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးသိန်းမြိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ မူလတန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဗိုလ်မှူးချုပ် ဦးအောင်သူဦးမှ လည်းကောင်း၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာညွှန့်မှလည်းကောင်း၊ အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူ များအား မြို့နယ်ပညာရေးမှူး ဦးသိန်းမြိုင်မှလည်းကောင်း၊ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမောင်ဝင်းမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် (၇၆)နှစ်အာနည်နေ့ စာစီစာ ကုံးပြိုင်ပွဲဆုပေးပွဲအခမ်းအနားတွင် ဗိုလ်မှူးချူပ် ဦးအောင်သူဦးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဗိုလ်မှူးချုပ် ဦးအောင်သူဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ ဆရာ/ဆရာမများနှင့် ဆုရကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ခင်မောင်ထွန်း