ပုဏ္ဏားကျွန်းမြို့၌ ၇၆ နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်၊ ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ပုဏ္ဏားကျွန်း  ဇူလိုင် ၂၀

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ၇၆ နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ပုဏ္ဏားကျွန်းမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ဝင်းမောင် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယမန်နေ့နံနက် ၉ နာရီခန့်က ပုဏ္ဏားကျွန်းမြို့၊ မြို့မပရိယတ္တိ ကျောင်းတိုက်၊ သုခါဝသ ကျောင်းတော်ကြီး မြေညီထပ်၌ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပုဏ္ဏားကျွန်းမြို့နယ်၏ ပြန်လည်ထူထောင်ရေးတာဝန်ခံ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်တပ်မတော်အရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး၊ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကာ ကျောင်းတိုက်ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ ဆရာတော်သံဃာတော်အရှင်သူမြတ်တို့က မေတ္တာသုတ် ပရိတ်တရားတော်များကို ရွတ်ပွားချီးမြှင့်တော်မူကြပြီး၊ မြို့နယ်သံဃနာယက ဥက္က၊ သာသနဓဇဓမ္မာစရိယ၊ မဟာဓန္တဝါစက ဘွဲ့တံဆိပ်တော်ရ ပဓာနနာယက ဘဒ္ဒန္တပဏ္ဍိတက အာဇာနည် နိုင်ငံတော်ခေါင်းဆောင်ကြီးများအား ရည်မှန်း၍ လှူဒါန်းခဲ့သည့် ဆွမ်းအကျိုးတရားတော်ကို  ဟောကြားချီးမြှင့်တော်မူသည်။

ထို့နောက် ဗိုလ်မှူးချုပ် ဝင်းမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းနှင့် အဖွဲ့ဝင်များက ဆရာတော်သံဃာတော်များအား နဝကမ္မနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး၊ လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချအမျှပေးဝေကာ ဆရာတော် သံဃာ တော်တို့အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

နီထွန်းအောင်(ပြန်/ဆက်)