ဂွ ဇူလိုင် ၂၀
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင် ၍ ဌာနဆိုင်ရာဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် သံဃာတော်အရှင်သူမြတ် (၅)ပါးအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ကြပြီး ဆရာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ ဆရာတော်သံဃာတော် အရှင်သူမြတ်များက မေတ္တသုတ် အစရှိသောပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြပြီး မြို့နယ်သံဃ နာယကဥက္ကဋ္ဌ၊ သဒ္ဓမမေဓနီ မြို့မကျောင်းတိုက် ဆရာတော်က သံဃာတော်များအား ရည်မှန်းလှူဒါန်းသည့်တရားတော်အကြောင်း ဟောကြားတော်မူခဲ့သည်။
ဆက်လက်၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များက ဆရာတော်သံဃာတော်အရှင်သူမြတ်များအား သင်္ကန်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ထို့နောက် ဆရာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်