ငါ့သရောက်မြို့ ဇူလိုင် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့တွင် လေးလပဲခေါ် ဝါဆိုမြေပဲများ စတင်စိုက်ပျိုးနေပြီးဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။
ငါ့သရောက်မြို့ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ အဓိကသီးနှမ်းဖြစ်သည့် မြေပဲ၊ နှမ်း၊ ပဲစင်းငုံ၊ ပြောင်း၊ နေကြာ၊ ပဲတီစိမ်း စသည်တို့ကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ မြေပဲကို မိုးဦးကာလတွင် သုံးလပဲ၊ ခြောက်လပဲ စသည်တို့ကို စိုက်ပျိုးကြပြီး ဝါဆိုပဲခေါ် လေးလမြေပဲများကို ယခုလို မိုးလယ်ကာလတွင် စိုက်ပျိုးကြကြောင်း သိရသည်။ ယခုလိုလေးလပဲ စိုက်ပျိုးအချိန်များတွင်လည်း လိုအပ်သည့် မိုးရေရှိနေသောကြောင့် အချိန်မစိုက်ပျိုးနိုင်ရန်အတွက် နွားရှည်းများ ငှာရမ်းခြင်းနှင့် မြေပဲအစေ့ချ ငှားရမ်းသောကြောင့် နွားရှည်းအငှားလိုက်သူများနှင့် မြေပဲအစေ့ချလိုက်သူများမှာ ပုံမှန်ဝင်ငွေရရှိကာ အဆက်ပြေလျက်ရှိကြောင်း သိရသည်။ နွားရှည်ငှာရမ်းခမှာလည်း နေတစ်ဝက်ကို (၁၅၀၀၀) ကျပ်၊ တစ်ရက်လုံးဆိုလျှင်(၃၀၀၀၀) ကျပ်ဖြစ်ပြီး မြေပဲအစေ့ချ ငှားရမ်းခမှာလည်း တစ်ရက်လျှင် (၅၀၀၀) ကျပ်မှ (၈၀၀၀)ကျပ်အထိ ပေး၍ ငှားရမ်းရကြောင်းသိရသည်။
P.W.A(ပြန်/ဆက်)