တောင်ဥက္ကလာပ အောက်တိုဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီရေးအတွက် ရပ်ကွက်များအတွင်း နှာခေါင်းစည်းမတပ်ဆင်ဘဲ သွားလာနေသူများအား နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာစေရန် စစ်ဆေးအရေးယူခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့ နေ့လယ်(၃)နာရီအချိန်က နန္ဒဝန်ဈေးရှေ့၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း သွားလာနေသော ပြည်သူများနှင့် ယာဉ်များပေါ်၌ လိုက်ပါလာသူများအား နေအိမ်ပြင်ပသို့ ထွက်ခွာပါက စနစ်တကျ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာစေရန် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းမတပ်ဆင်ဘဲ သွားလာနေသူများအား ဒဏ်ငွေ (၂၀၀)ကျပ် ပေးဆောင်စေပြီး နှာခေါင်းစည်း (၁)ခု ပြန်လည်ပေးအပ်၍ တပ်ဆင်သွားလာစေခြင်းဖြင့် အသိပေးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ စစ်ဆေးအရေးယူဆောင်ရွက်နေမှုကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသညါ။
နေထက်အောင်