မောင်တောမြို့၌ ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသောဗိုလ်မှူးချုပ်တင်ဆွေနှင့်  တာဝန်ရှိသူများသည် မိုးစပါးဆင်းသွယ်လတ်မျိုးစေ့ထုတ်စိုက်ခင်းပျိုးထောင်ထားရှိကာ မြေပြုပြင်ထွန်ယက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

မောင်တော ဇူလိုင် ၁၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်လည်ထူထောင်ရေးအတွက်ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေ ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးနေဦး တာဝန်ရှိသူများနှင့်အတူ ကျန်းမာရေးဦးစီးဌာန နှင့် လူမှုရေးအဖွဲ့အစည်းများပူးပေါင်း၍  မိုးရာသီ ကာလအတွင်း ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားတတ်သည့် အခြားရောဂါများမဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် မြို့နယ်ရဲစခန်းအတွင်းရှိ နေအိမ်လိုင်းခန်းများအား ဖုံးသွန်လဲစစ်လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် မိုးစပါးဆင်းသွယ်လတ်မျိုးစေ့ထုတ်စိုက်ခင်းပျိုးထောင်ထားရှိကာ မြေပြုပြင်ထွန်ယက်နေမှုများအား လိုက်လံကြည့်ရှုခဲ့သည်။

ရှေးဦးစွာ ပြန်လည်ထူထောင်ရေးအတွက်ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေ၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးနေဦး တာဝန်ရှိသူများသည် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားတတ်သည့် အခြားရောဂါများမဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ကျန်းမာရေးလုပ်သားများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ မြို့နယ်ရဲစခန်းအတွင်းရှိ နေအိမ်လိုင်းခန်းများတွင် ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ပေးခြင်း၊ ဘုရားညောင်ရေအိုးများအား စစ်ဆေးခြင်း ၊ ခြင်ခိုအောင်းပေါက်ပွားနိုင်သော ရေလှောင်ကန်များ၊ ရေစည်များ၊ ရေတွင်း၊ ရေကန်များထဲသို့ ပိုးလောက်လန်းသေ အဘိတ်ဆေးများခပ်ပေးခြင်း၊ မလှဲမသွန်နိုင်သော နေရာများကို အဘိတ်ဆေးများ ခပ်ပေးဆောင်ရွက်နေမှုများတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ညနေပိုင်းတွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးနေဦး တာဝန်ရှိသူများသည် မြို့ဦးကျေးရွာအုပ်စု၊ ဇူလကျေးရွာတွင် ကွင်းအမှတ်(၁၀၁/ဃ)ရှိတောင်သူ ၁၁ ဦး၏ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးဆင်းသွယ်လတ်မျိုးစပါး မျိုးစေ့ထုတ်စိုက်ဧက ၂၀ တွင် မျိုးစပါးများ ပျိုးထောင်ထားရှိမှုနှင့် မြေပြုပြင်ထွန်ယက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုအားပေးပြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်လံရှင်းလင်း ပြသခဲ့ကြကာ  တောင်သူများအနေဖြင့် စိုက်ပျိုးသည့် မိုးစပါးများအားအောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြစေရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန်(ခရိုင်ပြန်/ဆက်)