မချမ်းဘောမြို့နယ်၌ ဂရိတ်ဖရုအသီးခြံ တိုးချဲ့စိုက်ပျိုးနိုင်ရေး ရှောက်မျိုးနွယ်အောက်ခံပျိုးပင်များ အခမဲ့ ဖြန့်ဝေ

မချမ်းဘော ဇူလိုင် ၁၉

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ ခရီးစဥ်လမ်းညွှန်ချက်အရ ဒေသခံပြည်သူများ ဝင်ငွေတိုးပွားရေး ဂရိတ်ဖရု အသီးခြံများ တိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် ရှောက်မျိုးနွယ်အောက်ခံပျိုးပင်များကို ယနေ့မွန်းလွဲ ၂နာရီတွင်  တောင်သူများထံ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပျိုးပင်များကို ပူတာအိုခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်မြို့ နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတို့က တာဝန်ခံထုတ်ယူပြီး ဂရိတ်ဖရုအသီးခြံတိုးချဲ့စိုက်ပျိုးမည့် မချမ်းဘော မြို့ပေါ်အမှတ် ၁ ရပ်ကွက်တောင်သူများ၏ စိုက်ဧက ၆ ဧကအတွက် ပျိုးပင် (၆၄၈)ပင်၊ အမှတ်(၂)ရပ်ကွက် တောင်သူများ၏ စိုက်ဧက ၃ ဒဿမ ၃၅ ဧကအတွက်( ၃၆၂)ပင်၊ အမှတ်(၃)ရပ်ကွက် တောင်သူများ၏စိုက်ဧက ၁၀ဧကအတွက် (၁၀၈၀)ပင်၊ အမှတ်(၄)ရပ်ကွက်တောင်သူများ၏ စိုက်ဧက ၁ဒဿမ၅၀ဧကအတွက်(၁၆၂)ပင်၊ အင်ဘူးဘော့ကျေးရွာ တောင်သူများ၏စိုက်ဧက ၁ဒဿမ၅၀ဧက အတွက် (၁၆၂)ပင်၊ နမ်ခမ်ကျေးရွာစိုက်ဧက ၁ဒဿမ၈၅ဧကအတွက် (၂၀၀)ပင်၊ ထရန်ဒမ်းကျေးရွာအုပ်စု စိုက်ဧက ၅ဧကအတွက်(၅၄၀)ပင်၊ ကောင်းမှုလုံကျေးရွာအုပ်စု တောင်သူများ၏ စိုက်ဧက ၅ဒဿမ၅၆ဧက အတွက် (၆၀၀)ပင် စုစုပေါင်း စိုက်ဧက ၃၄ဒဿမ၇၆ဧက အတွက် ပျိုးပင်ပေါင်း(၃၇၅၄)ပင် တို့ကို တောင်သူများထံ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မချမ်းဘောမြို့နယ်တွင် ဂရိတ်ဖရု အသီးခြံများ တိုးချဲ့စိုက်ပျိုးခြင်းကြောင့် စျေးကွက်ဝင်ရောင်းတန်းဝင် ဂရိတ်ဖရုသီးများအထွက်နှုန်း တိုးကာ ဒေသခံပြည်သူများ အကျိုးပိုမိုဖြစ်ထွန်းလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယောရွှေနီ (မချမ်းဘော့)